ကောလဟလကြောင့် ရန်ကုန်မြို့က လမ်းပေါ်မှာ အရင်ကထက် ကားရှင်းနေ

7Day TV

by 7Day TV

0 views
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြန့်နှံနေတဲ့ ကောလဟလတွေကြောင့် ဒီကနေ့မှာတော့ ရန်ကုန်မြို့တွင်းက လမ်းတွေမှာ ကားတွေရှင်းနေပါတယ်။ အရင်က သိသိသာသာကားကျပ်တတ်တဲ့ လှည်းတန်းမီးပွိုင့်၊ အေဒင် မီးပွိုင်လို နေရာမျိုးတွေမှာ လည်း ဒီကနေ့ နေလည်ပိုင်းက သိသိသာသာ ကားရှင်းနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ ဒီကနေ့ စက်တင်ဘာလ ၁၁ ရက်မှာ ရန်ကုန်တိုင်းအတွင်း က မြို့နယ်အချို့မှာ အကြမ်းဖက်မှု တွေဖြစ်လာနိုင်တယ်ဆိုပြီး သတင်းအမှားတွေနဲ့ ဖြန့်ဝေတာတွေ ရှိခဲ့ပါတယ်။ အဲဒီလို သတင်းအမှားတွေကြောင့် စိုးရိမ်မှုတွေရှိနေပြီး ဒီကနေ့မှာတော့ အပြင်ထွက်တဲ့သူနည်းတာကြောင့် ရန်ကုန်မြို့တွင်း သိသိသာသာ ကားရှင်းနေတယ်လို့ မြို့တွင်းပတ်မောင်းနေတဲ့ အဌားယာဉ်မောင်းအချို့က ဆိုကြ ပါတယ်။

အဲဒီလို မဟုတ်မမှန် သတင်းတွေ ၊ ကောလဟလ ဖြန့်ဝေတဲ့သူတွေကို အရေးယူမယ်လို့ အစိုးရ ရဲ့ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ရုပ်သံသတင်းထောက် - အလှလေး