ဘင်္ဂလားဒေ့ရှ်ကို ဆန်တန်ချိန်သုံးသိန်းတင်ပို့ဖို့ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး

  • 7 years ago
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်တန်ချိန်သုံးသိန်း တင်ပို့ရောင်းချနိုင်ဖို့အစိုးရချင်း နားလည်မှု စာချွန်လွှာ ( MoU )လက်မှတ်ရေးထိုးပွဲကို နေပြည်တော်က Hilton ဟိုတယ်မှာ စက်တက်ဘာ ၇ ရက်နေ့ ညက ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာပေါက်ဈေးအတိုင်း တန်းမြင့်ဆန်တွေကို တင်ပို့ရောင်းချသွားရမှာဖြစ်ပြီး သုံးလအတွင်းတင်ပို့ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်ချူပ် ဒုတိယဥက္ကဌ ဦးအောင်သန်းဦးက ပြောပါတယ်။

ဒါအပြင် ငါးနှစ်အတွင်းဆန်တန်ချိန် တစ်သန်းတင်ပို့ရောင်းချနိုင်ဖို့ကိုလည်း ဆက်လက်ညှိုနှိုင်းဆွေးနွေးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချူပ်အနေနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဘင်္ဂလာဒေ့နိုင်ငံကို မြန်မာ့ပင်လယ်ပြင်ရေထွက်ပေါက်ကနေ တင်ပို့သွားမှာဖြစ်ပြီး ယခင်က မြန်မာနိုင်ငံအနေနဲ့ ဆန်တန်ချိန် ငါးသောင်းဝန်းကျင်အထိသာ တင်ပို့ရောင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - စိုးရ ၊ မောင်သင်တုန်း