အနည်းဆုံး အခကြေးငွေ အဆိုပြုစစ်တမ်း ဇန်န၀ါရီမှာ အစိုးရအဖွဲ့ကို တင်ပြမယ်

  • 7 years ago
အနည်းဆုံး အခကြေးငွေ ပြောင်းလဲသက်မှတ်နိုင်ဖို့အတွက် အလုပ်သမားတွေကြားမှာ စစ်တမ်းကောက်ယူနေတာကို အမြန်ဆုံး လုပ်ဆောင်နေပြီး လာမယ့် ဒီဇင်ဘာနဲ့ ဇန်န၀ါရီလအတွင်းမှာ အစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ သိရပါတယ်။

ဒီကနေ့ အစိုးရအဖွဲ့နဲ့ အလုပ်သမားအဖွဲ့အစည်းတွေ တွေ့ဆုံပွဲမှာ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ဖို့ လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေကို ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်ကပြောကြားခဲ့တာပါ။