လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဖြေရှာတဲ့ ဆွေးနွေးပွဲကျင်းပ

7Day TV

by 7Day TV

1 view
လူ့အဖွဲ့အစည်းအတွင်း နယ်ပယ်စုံမှာ အမျိုးမျိုးသော အကြောင်းအရာတွေနဲ့ ညှင်းပန်း နှိပ်စက်မှုတွေ ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ရှိနေတာပါ။

အလုပ်ရှင် ၊အလုပ်သမား ခေါင်းပုံဖြတ်ညှင်းပမ်းမှုတွေ၊ အိမ်အကူလုပ်သားတွေ စာနာစိတ်မဲ့ ညှင်းပန်းနှိပ်စက်ခံရတာတွေ ၊ အကျဉ်းထောင်တွင်းက နှိပ်စက်မှုတွေနဲပတ်သက်ပြီးဒီကနေ့ ရန်ကုန်မြို့မှာ လူအခွင့်အရေးကာကွယ်စောင့်ရှောက်သူများဖိုရမ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီဖိုရမ်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်ပြီး အဖြေရှာလိမ့်မယ့် နည်းလမ်း ကို ဆွေးနွေးခဲ့ကြပါတယ်။

အခုလို ဖိုရမ်တွေပြုလုပ်ရတာက လူအဖွဲ့အစည်းမှာ လူအချင်းချင်းကြား စာနာစိတ်နဲ့ ဆက်ဆံနိုင်ကြ ဖို့၊ လူတစ်ဦးချင်းစီရဲ့ လူ့အခွင့်အရေးတွေကို မြင်သာလာစေဖို့ အတွက်ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ပတ်သတ်လို့လည်း အစိုးရအနေနဲ့ ကာကွယ်ဖို့ လုပ်ဆောင်တာတွေ ဒီနေ့အထိ မရှိသေးလို့ဆိုကြပါတယ်။

ညှင်းပန်းနှိပ်စက်မှုတွေကို ဆန့်ကျင်တဲ့ ကုလသမဂ္ဂရဲ့ သဘောတူစာချုပ် တစ်ခုမှာ အစိုးရကို ဝင်ရောက် လက်မှတ်ရေးထိုးဖို့အတွက် တောင်းဆိုထားကြတာရှိနေပါတယ်။

ရုပ်သံသတင်းထောက် - ခင်ဝိုင်းဖြူဖြူ။