လူ့စရိုက်နဲ့ ကျေးလက်ကို ဖော်ကြူးမယ့် ကပ္ပိယ

  • 7 years ago
လူတွေရဲ့စရိုက်နဲ့ကျေးလက်သဘာဝယဉ်ကျေးမှုတွေ၊အညာဒေသအလှတွေကိုအသားပေးဖော်ပြမယ့် ကပ္ပိယ ရုပ်ရှင်ဇာတ်ကားကြီးကို ဒီလထဲမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

ဒီဇာတ်ကားဟာစာရေးဆရာမခင်ခင်ထူးရဲ့နာမည်ကြီးဝတ္ထုဖြစ်တဲ့ကပ္ပိယဝတ္ထုကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ကပ္ပိယတစ်ယောက်ရဲ့အကြောင်းကို အခြေခံပြီး လူသားတွေမှာရှိတတ်တဲ့ စိတ်နေစိတ်ထားတွေကို ဖော်ပြထားတဲ့ ဒရာမာဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး)က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်အကယ်ဒမီ ပြေတီဦး၊ ကောင်းပြည့် ၊ အကယ်ဒမီဖွေးဖွေးနဲ့ တခြားအနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended