ရွှေဘုံသာ အဟောင်ပစ္စည်းဈေးတန်း ရွှေ့ရတော့မယ်

  • 7 years ago
ရွှေဘုံသာ အထက်လမ်း အဟောင်းပစ္စည်းရောင်းဝယ်တဲ့ ဈေးတန်းကသူတွေ ကမ်းနားလမ်း ညဈေးကို ပြောင်းရွှေ့ဖို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနက လာမယ့် ဇူလိုင်လဆန်းမှာ လျှောက်လွှာတွေ ထုတ်ပေးတော့မယ်လို့ သတင်းရရှိပါတယ်။

ပြောင်းရွှေ့ရောင်းချလိုသူတွေက ပန်းဘဲတန်းမြို့နယ် စည်ပင်ရုံးမှာလျှောက်လွှာတင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ အဟောင်းပစ္စည်း ဈေးတန်းမှာ ရောင်းချနေသူတွေကို ဆူးလေဘုရားလမ်းနဲ့ ပန်းဆိုးတန်းလမ်းကြား ကမ်းနားလမ်း ညဈေးကိုပြောင်းရွှေ့ရမယ်လို့ သိရပါတယ်။ ဆိုင်ခန်း တစ်ခန်း အကျယ်ကတော့ လေးပေ ရှစ်ပေ ပတ်လည် ဖြစ်ပါတယ်။ လက်ရှိ အဟောင်းပစ္စည်းဈေးတန်းမှာ ဈေးရောင်းချသူနှစ်ရာကျော်ရှိပြီး နေ့စဉ်ညနေ၃နာရီကနေ ည၉နာရီအထိ ရောင်းချနေကြတာပါ။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Category

🗞
News

Recommended