ပြည်သူပိုင်နေရာတွေမှာ ပုဂ္ဂလိကလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုတဲ့အပေါ် ရန်ကုန်မြို့တော်ဝန်ဘာပြောလဲ

  • 7 years ago
ရန်ကုန်မြို့ရဲ့ အများပြည်သူပိုင်နေရာတွေမှာ ပုဂ္ဂလိကလုပ်ငန်းတွေကိုဆောင်ရွက်ခွင့်ပြုနေတာက ပြည်သူကိုအလုပ်အကျွေးပြုနေတာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ကန်တော်ကြီးမှာပြုလုပ်တဲ့ မိုးပျံဘောလုံးပျံသန်းမှုမိတ်ဆက်ပွဲမှာ မြို့တော်ဝန်က ပြောကြားလိုက်တာပါ။

ပြည်သူပိုင်နေရာတွေ၊ပြည်သူတွေအပန်းဖြေတဲ့နေရာတွေကိုပုဂ္ဂလိတွေကိုရောင်းစားပစ်တယ်ဆိုတဲ့အတွေးမျိုးပြောကြပါတယ်။ဒါကလည်းအတိတ်ကခါးသီးခဲ့တဲ့အခြေနေတွေကြောင့်ပြောတာဖြစ်လို့စိတ်မဆိုးပါဘူး။ဒါပေမယ့်လည်းပြည်သူပိုင်နေရာတွေကိုရောင်းစားတာမဟုတ်ပါဘူး။ပြည်သူကိုအလုပ်အကျွေးပြုဖို့ပုဂ္ဂလိကလုပ်ငန်းတွေကိုထည့်လိုက်တာပါ။ပုဂ္ဂလိကလုပ်ငန်းတွေကပြည်သူကိုအစေခံဖို့ပြုလုပ်တာဖြစ်ပါတယ်။

မိုးပျံဘောလုံးပျံသန်းဆောင်ရွက်ဖို့အတွက် ကန်တော်ကြီးရှိမှရှိတဲ့ ကံ့ကော်ကျွန်းနေရာကို Cultural Attraction Ltd က တစ်နှစ်ကို ငွေကျပ်သိန်းထောင့်လေးရာနဲ့ ၁၀နှစ်ဌားရမ်းထားတာဖြစ်ပါတယ်။

အဲဒီမိုးပျံဘောလုံပျံသန်းမှုက မြေပြင်ကနေ ပေ၄၀၀အမြင့်ထိပျံသန်းကာရွှေတိဂုံဘုရားအပါအဝင် ရန်ကုန်မြို့ရဲ့မြင်ကွင်းတွေကို အမြင့်ကနေကြည့်ရှုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်

Category

🗞
News

Recommended