အလုပ်သမားဥပဒေတွေ ပြင်ဆင်တာ အသစ်ရေးတာတွေနဲ့ပတ်သက်လို့ ဝန်ကြီးဘာပြောသလဲ

  • 7 years ago
အလုပ်သမား ဥပဒေတွေကို ပြင်ဆင်ရေးဆွဲတာ အသစ်ရေး ဆွဲတာတွေကို ဦးစားပေးအလိုက် လုပ်ဆောင်သွားမယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့တာပါ။ ဒီကနေ့မှာ ကျရောက်တဲ့ (၁၂၇)နှစ်မြောက် အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ MCCခန်းမမှာ အလုပ်သမားအဖွဲ့အစည်းတွေက ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ အခမ်းအနားမှာ လူကုန်ကူးမှုပပျောက်ရေး၊ အဓမ္မအလုပ်စေခိုင်းမှု ပပျောက်ရေး ကလေး သူငယ်အလုပ်စေခိုင်းမှု ပပျောက်ရေး ဆွေးနွေးပွဲတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲတွေကို ထည့်သွင်းကျင်းပခဲ့ပါတယ်။

ရုပ်သံသတင်းထောက်- မြတ်သီဟမောင်