အာမခံလုပ်သားတွေအတွက် အကျိုးခံစားခွင့်နဲ့ ဆေးဖိုးငွေ သိန်း ၂၀၀ ကျော် ပေး

  • 7 years ago
လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့သူတွေနဲ့ အာမခံကြေးပေးသွင်းပြီး ဆေးကုသ မှုခံယူခဲ့သူတွေကို နာရေးစရိတ်၊ ကျန်ရစ်သူအကျိုးခံစားခွင့်အာမခံ စနစ်နဲ့ ဆေးဖိုးကုန်ကျငွေ ကျပ်သိန်းပေါင်း ၂၀၀ ကျော်ကို ပေးအပ်ခဲ့ပါတယ်။ပြင်ဆင်သတ်မှတ်လိုက်တဲ့၂၁၀၂ လူမှုဖူလုံရေးဥပဒေနဲ့အညီ ဒီနေ့ဧပြီလ ၂၉ ရက်က အလုံမြို့နယ် လူမှုဖူလုံရေးရုံးမှာပေးအပ်ခဲ့တာပါ။ အခု ပေးအပ်ခဲ့တာကတော့ လပေါင်း ၆၀ အောက်လို့သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် တစ်လစာအာမခံစနစ် ထည့်ဝင်ထားရင်ပဲ အဆ ၃၀ ခံစားခွင့်ပေးတာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက်- ခင်ဝိုင်းဖြူဖြူ