ထိုင်းတောင်ပိုင်းမှာ ဗုံးကွဲမှု၊ ပစ်ခတ်မှုတွေကြောင့် လူနှစ်ဦး သေဆုံး

  • 7 years ago
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဗုံးပေါက်ကွဲမှု၊ ပစ်ခတ်မှုတွေကြောင့် လူနှစ်ဦး သေဆုံးခဲ့သလို အခြေအနေတွေ တင်းမာနေတယ်လို့ သိရပါတယ်။

ဧပြီ ၁၉ ရက်က နိုင်ငံတောင်ပိုင်းက နာရာသီဝတ်၊ ပတ္တနီနဲ့ ဆွန်ခလာတို့ အပါအဝင် ခရိုင် ၁၁ ခုမှာ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။ မလေးရှားနဲ့ နယ်နိမိတ်အနီး ဒေသတွေမှာ ဗုံးပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေ ပေါ်ပေါက်ခဲ့ရာက လူနှစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ထိုင်းစစ်တပ် ထိပ်တန်း အရာရှိ တစ်ယောက်က အတည်ပြုခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ တာဝန်ခံ ကြေညာမှု မရှိသေးပါဘူး။