အမှန်အတိုင်းဖြစ်အောင် တရားရင်ဆိုင်ခဲ့တာပါ ဆိုတဲ့ စည်သူမောင်

  • 7 years ago
သရုပ်ဆောင် စည်သူမောင်ဟာ ကွာရှင်းမှုနဲ့ လက်ရှိအချိန်ထိ တောင်ဥက္ကလာ တရားရုံးမှာ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဘက်ကြားက ပြဿနာကို ဂုဏ်သိက္ခာအရ ဒီလိုဖြေရှင်းတာမျိုး မပြုလုပ်ချင်ပေမယ့်လည်း ကွာရှင်းခွင့်မှာပါရှိတဲ့ ကိုယ်ထိလက်ရောက်ထိပါးခြင်း ၊အိမ်သီးသန့်ဖြင့် မထားခြင်း စတဲ့ အချက်အလက်တွေ အတွက် အမှန်အတိုင်းဖြစ်ဖို့ တရားရင်ဆိုင်နေတာလို့ ဆိုပါတယ်။ သရုပ်ဆောင် စည်သူမောင်နဲ့ ဒေါက်တာ နန်းသီရိထွန်းတို့ဟာ ချစ်သူသက်တမ်း (၇)နှစ်ကြာမှ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၉ ရက်မှာ မရမ်းကုန်းတရားမှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်