ကြားဖြတ်အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကြေငြာတော့မယ်

  • 7 years ago
ကြားဖြတ်ရွေးကောက်ပွဲ အတွက် ဒုတိယအကြိမ် အတည်ပြု မဲဆန္ဒရှင်စာရင်းကို မတ်လ၁၇ရက်နေ့မှာ ကပ်ထားမယ်လို့ သတင်းရရှိပါတယ်။ အဲဒီ့နေ့မှာ မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေကိုပါ ထုတ်ပေးမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းကပြောပါတယ်။ လစ်လပ်နေရာ ၁၉ခုအတွက် ကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးနိုင်မယ့် မဲဆန္ဒရှင်၂.၂သန်း ဝန်းကျင်ရှိတာဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကိုဧပြီ၁ရက်မှာ ကျင်းပတော့မှာပါ။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်