မြို့သစ်စီမံကိန်း ဘာထူးသလဲ

  • 7 years ago
အနောက်တောင်မြို့သစ် စီမံကိန်းကြောင့် လှုပ်ခတ်ခဲ့တဲ့ လှိုင်သာယာ တွံတေး ကားလမ်းတစ်လျှောက် လယ်မြေဈေးကွက်တွေဟာ အခုချိန်မှာ အေးစက်နေပါပြီ။ ၂၀၁၄ နှစ်ကုန်ပိုင်းနဲ့ ၂၀၁၅နှစ်လယ်လောက် အထိ အရောင်းအဝယ်ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၆ ကနေစပြီး အခုချိန်ထိတော့ အရောင်းအဝယ်က အေးစက်နေပြီး အရောင်းအဝယ် စာချုပ်နဲ့ ပေါင်နှံတာမျိုးသာ ဈေးကွက်တစ်ခုလို ဖြစ်လာနေပါတယ်။ အနောက်တောင်မြို့သစ် စီမံကိန်းမှာ စက်မှုဇုန်တွေ ၊ အိမ်ယာစီမံကိန်းတွေနဲ့ ဆိပ်ကမ်းတွေ စသဖြင့်ပါဝင်မှာ ဖြစ်ပါတယ်။ မြေဧက သုံးသောင်းပေါ်မှာ တည်ဆောက်မယ့် ဒီစီမံကိန်းဟာ လတ်တလော အစိုးအရ အကူအပြောင်းကာလမှာတော့ ငြိမ်သက်နေပါသေးတယ်။
ရုပ်သံသတင်းထောက် - ခင်ဝိုင်းဖြူဖြူ

Category

🗞
News

Recommended