ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ပကနေကြိုတင်မဲပေးမယ့်သူ ၃၀၀ ကျော်ရှိ

  • 7 years ago
ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြည်ပရောက်ကြိုတင်မဲပေးမယ့်သူ သုံးရာကျော်ရှိတဲ့ထဲက ၁၄ဦးက မဲဆန္ဒနယ်မြေလွဲနေပြီး ၄ဦးက သက်ဆိုင်ရာ မဲဆန္ဒနယ်မြေမှာ လုံးဝမရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းကပြောပါတယ်။ ပြည်ပရောက် မဲဆန္ဒရှင်တွေ အတွက် ကြိုတင်ဆန္ဒမဲပေးရမယ့် လုပ်ငန်းလမ်းညွှန်ကိုလည်း UECဝက်ဘ်ဆိုဒ်မှာတင်ထားပေးတယ်လို့ သိရပါတယ်။ လစ်လပ် မဲဆန္ဒနယ်၁၉ခု အတွက် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်၂.၂သန်းဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်