ဒုတိယသမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲ ဘာတွေဆွေးနွေးခဲ့ကြသလဲ

  • 7 years ago
ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ၀န်ကြီးဌာနတချို့က တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေ ဒီကနေ့ ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ ရန်ကုန်မြို့UMFCCI ရုံးမှာလုပ်တဲ့တွေ့ဆုံပွဲမှာ တန်ဖိုးနည်းအိမ်ယာတွေ ကိစ္စအပါအဝင် ခရီးသွားတွေ လျော့နည်းလာတဲ့ ကိစ္စ စတာတွေကို အဓိကဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကဏ္ဍကြီး ငါးရပ် ဖြစ်တဲ့ တရားမ၀င် ကုန်သွယ်မှု ကဏ္ဍ၊ ပို့ကုန်မြှင့်တင်ရေး ကဏ္ဍ၊ ရန်ကုန်မြို့သစ်တည်ဆောက်ရေး ကဏ္ဍ၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း ကဏ္ဍနဲ့ လျှပ်စစ် ကဏ္ဍတွေကို အကောင်အထည်ဖော်နေတယ်လို့ တွေ့ဆုံပွဲမှာ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ