အိမ်ဖြူတော်မှာ သမ္မတသက်တမ်း နောက်ဆုံးအကြိမ် ခရစ္စမတ် မီးထွန်းပွဲကို တက်ရောက်ခဲ့တဲ့ အိုဘားမား

  • 7 years ago
အမေရိကန် သမ္မတ ဘာရတ်အိုဘားမား အနေနဲ့ အိမ်ဖြူတော်မှာ သမ္မတသက်တမ်း နောက်ဆုံးအကြိမ်အဖြစ် ခရစ္စမတ်ကာလကို ဖြတ်သန်းတော့မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက် ညပိုင်းက အိုဘားမားနဲ့ ဇနီးဖြစ်သူ မစ်ချယ်လ်တို့ အိမ်ဖြူတော်ရဲ့ ခရစ္စမတ်မီး စတင်ထွန်းညှိမှု အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ အိုဘားမားက အခမ်းအနားမှာ မိန့်ခွန်းပြောခဲ့ပြီး ခရစ်တော်ရဲ့ ဂုဏ်ရည်တွေကို ချီးကျူးခဲ့သလို လူသားအားလုံး အပြန်အလှန် စာနာကူညီ ရပ်တည်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ မိန့်ခွန်းအပြီးမှာတော့ အိုဘားမားဟာ အိမ်ဖြူတော် ဝန်ထမ်းတွေ၊ အခမ်းအနား တက်ရောက်လာသူတွေအပြင် ဆန်တာကလော့စ် ဖိုးဖိုးကြီးနဲ့ပါ တွဲဖက်ပြီး ခရစ္စမတ် အမှတ်တရ သီချင်းကို ပျော်ပျော်ရွှင်ရွှင် သီဆိုသွားခဲ့ပါတယ်။