လမ်းဘေးဈေးသည် ပြဿနာ ညဈေးတန်းနဲ့ ဖြေရှင်းနိုင်မလား

  • 7 years ago
ဒီနေရာဟာ မြို့ထဲက လမ်းဘေးဈေးသည်တွေ အတွက် သီးသန့်ပြင်ဆင်လိုက်တဲ့ ညဈေးနေရာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းမှာ စဖွင့်လိုက်တဲ့ ညဈေးနေရာသစ်မှာ ဈေးထွက်ဖို့ပြင်ဆင်နေကြတဲ့ ဈေးသည်တွေ ဖြစ်ပါတယ်။ ခုဖွင့်လိုက်တဲ့ ညဈေးတန်းက ကမ်းနားလမ်း တစ်လျှောက်၊ မဟာဗန္ဓုလပန်းခြံလမ်းနဲ့ ဘဏ်လမ်းနေရာတွေမှာ ဖြစ်ပါတယ်။
စုစုပေါင်း လမ်းဘေးဈေးသည် ၁၆၀၀ ကျော်ကို ပထမဦးစားပေးအနေနဲ့ နေရာချထားလိုက်တာပါ။ စည်ပင်နဲ့ လမ်းဘေး ဈေးသည်တွေရဲ့ မဆုံးနိုင်တဲ့ လိုက်တမ်းပြေးတမ်း ပြဿနာကို ဒီညဈေးတန်းက ဖြေရှင်းပေးနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက်- လွင်သဲငယ်ဦး