FDA အသိမှတ်ပြု ငရုပ်သီးမှုန့် အမှတ်တံဆိပ်တွေကို တစ်ပတ်အတွင်းဈေးကွက်ထဲက ပြန်သိမ်းရမယ်

  • 7 years ago
တရားဝင်မှတ်ပုံတင်ထားတဲ့ ငရုပ်သီးမှုန့်အမှတ်တံဆိပ် ၁၅ မျိုးကို ဈေးကွက်ထဲကနေ တစ်ပတ်အတွင်း ပြန်သိမ်းပြီး ဖျက်ဆီးဖို့ FDA က ညွှန်ကြားလိုက်ပါတယ်။
တစ်နိုင်ငံလုံးမှာရှိတဲ့ ငရုပ်သီးမှုန့်တွေကို နမူနာယူပြီး ဓာတ်ခွဲစမ်းသပ်ရာမှာ ၆၀ရာခိုင်နှုန်းက AflaToxinလို့ခေါ်တဲ့အသည်းကင်ဆာဖြစ်စေတဲ့ မှိုအဆိပ်တစ်မျိုးကိုတွေ့ရှိခဲ့တယ်လို့သိရပါတယ်။
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထောက်ခံချက်ယူထားတဲ့ ငရုပ်သီးမှုန့်အမှတ်တံ ဆိပ် ၁၅ ခုစလုံးကို Market Recall လို့ခေါ်တဲ့ ဈေးကွက်ထဲမှာ ဖြန့်ချိပြီးပစ္စည်းတွေအားလုံး ပြန်သိမ်းခိုင်းလိုက် တာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အမှတ်တံဆိပ်တွေမှာ မှိုအဆိပ်ပါနေတယ်ဆိုတာကို တော့ ပြောကြားသွားတာမရှိပါဘူး။
ဒါကတော့ ရေတိုစီမံကိန်းအနေနဲ့ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီတွေကို သိမ်းခိုင်းတာဖြစ်ပါတယ်။
မှတ်ပုံမတင်ထားတဲ့ ငရုပ်သီးမှုန့်တွေကလည်း စားသုံးရန် မသင့်ပါဘူး။ မှတ်ပုံမတင်ဘဲ ထုတ်ရောင်းနေတာ တွေကို တွေ့ရင် ဖမ်းဆီးဖျက်သိမ်းဖို့ ညွှန်ကြားချက်လည်း မကြာခင်ထွက်ရှိလာမှာဖြစ်တယ်လို့ ဒေါက်တာသန်းထွဋ်က ပြောကြားခဲ့ပါတယ်။
လတ်တလောမှာ ပြည်ပကို တင်ပို့ဖို့ပြင်နေတာတွေကို ထောက်ခံချက်ပေးတာရော တင်ပို့ခွင့်ပြုပြီးသားတွေ ကိုရော ယာယီပိတ်ထားဦးမှာ ဖြစ်ပြီး ပြန်စစ်ဆေးပြီးမှ ပေးသွားမယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက်-လွင်သဲငယ်ဦး

Recommended