သက်ရှိပင်လုံ သတင်းထောက်အဖိုး ၉၃ နှစ်ပြည့်မွေးနေ့

  • 7 years ago
မြန်မာ့အလင်းသတင်းစာရဲ့ အကျိုးတော်ဆောင် သတင်းထောက်ဟောင်း အဖိုး ဦးစံအောင်ဟာ အသက် ၉၃ နှစ်ပြည့်ပြီဖြစ်ပါတယ်။ အဖိုးဦးစံအောင်ရဲ့မွေးနေ့ကို တောင်ကြီးမြို့ ဈေးပိုင်းရပ်ကွက်မှာရှိတဲ့ နေအိမ်မှာ ဒီနေ့ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ အဖိုးဦးစံအောင်ဟာ ပင်လုံ စာချုပ်ချုပ်ဆိုစဉ်က မြန်မာ့အလင်း သတင်းစာ သတင်းထောက်အဖြစ် ကိုယ်တိုင် ကိုယ်ကျ မှတ်တမ်းတင် သတင်းရယူခဲ့တဲ့ တောင်ကြီးသား တစ်ဦးဖြစ်ပြီး သက်ရှိ ပင်လုံလို့ တင်စားခေါ်ဝေါ်ခြင်းခံရသူတစ်ဦးလည်းဖြစ်ပါတယ်။
(တောင်ကြီးသတင်းထောက် ဂျွန်ချစ်ငြိမ်း ရိုက်ကူးတင်ဆက်ထားပါတယ်။)