  • 7 years ago
စက်တင်ဘာ - ၂၇၊ ၂၀၁၆
Unicode
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်လို့ ထုတ်ပြန်တဲ့ ဒီချုပ်
စက်တင်ဘာ - ၂၇၊ ၂၀၁၆
အမျိုးသားရင်ကြားစေ့ရေးကို အခြေခံတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို လက်တွဲ တည်ဆောက်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ က ၂၈နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံး မှာ ကျင်းပတဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ထုတ်ပြန်ခဲ့တာပါ။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး နဲ့ ငြိမ်းချမ်းရေးကို အဓိက ဆောင်ရွက်နေတယ်လို့လဲ အဖွဲ့ချုပ် သဘာပတိ ဦးတင်ဦးက မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ ပြန်လှန်ဆွေးနွေးမှု နဲ့ ရပ်တည်ချက်ကို စံတန်ဖိုးထားရှိပြီး တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ က စီမံနေမှာကိုလဲ ခွင့်ပြုမှာ မဟုတ်ဖူးလို့ ပြောပါတယ်။
ရုပ်သံသတင်းထောက် - မြတ်သီဟမောင်
#ဒီချုပ် #၂၈နှစ်မြောက်နှစ်ပတ်လည်နေ့ #ဖက်ဒရယ်ပြည်ထောင်စု #လက်တွဲတည်ဆောက်ဖို့ထုတ်ပြန် #7DayNews #7DayTV
(7Day News ဂျာနယ်နဲ့ 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်နှာမှာ ၀င်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။)