မြန်မာ့ဆန်ကို အိန္ဒိယ ၀ယ်ယူမည် တရုတ်နှင့် ဈေးပြိုင်ဝယ်ယူမှုတွေရှိလာနိုင်

  • 7 years ago
ဆန်တင်ပို့မှုနဲ့ ပက်သက်တဲ့သတင်းတပုဒ်ကို ထပ်ပြီးကြည့်ရအောင်ပါ။ အခုနှစ်အတွင်း မြန်မာ့ဆန် တန်ချိန်ငါးသိန်းလောက်ကို အန္ဒိယဘက်က ၀ယ်ယူသွားမှာဖြစ်တာကြောင့် တရုတ်ဘက်ကိုအားထားပြီးတင်ပို့နေရတဲ့ မြန်မာ့ဆန်ဈေးကွက်ဟာ ဈေးပြိုင်ဝယ်ယူမှုတွေရှိလာနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အတွင်းရေးမှူးက ပြောပါတယ်။
အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့သုံးနှစ်ကနေ ပြည်ပဆန်ဝယ်ယူတာကို ပိတ်ထားခဲ့ပြီး အခုနှစ်မှာတော့ သူတို့ရဲ့ပြည်နယ် သုံးခုအတွက် မြန်မာဘက်ကဆန်တွေကို ၀ယ်ယူသွားတော့မှာဖြစ်ပါတယ်။
အန္ဒိယဘက်ကို ဆန်ရောင်းချရေးအတွက် ဈေးနှုန်းပါမာဏကို ကြည့်ပြီးဆုံးဖြတ်သွားမှာဖြစ်သလို မြန်မာနိုင်ငံကနေ ပြည်ပကိုတင်ပို့ရောင်းချနိုင်တဲ့ ဆန်ပမာဏဟာလည်း တန်ချိန် တစ်သန်းကျော်ပဲရှိနေသေးကြောင်း ဆန်းစပါးအသင်းချုပ် အတွင်းရေးမှူးက ပြောပါတယ်။