အမျိုးသားပညာရေးဥပဒေကို ကျောင်းသာများက တတိယမြောက်နေ့အဖြစ် အမျိုးသားနေ့တွင် သပိတ်မှောက်ဆန္ဒပြခဲ့ကြ

  • 7 years ago
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ကန့်ကွက်သည့် အနေနှင့် ကျောင်းသားအင်အား(၃၀၀)ခန့်က နိုဝင်ဘာလ (၁၆)ရက်နေ့၊ အမျိုးသားနေ့တွင် ယင်းတို့၏ သပိတ်မှောက်သည့် တတိယနေ့အဖြစ် ဆက်လက်ဆန္ဒပြ သပိတ်မှောက်ခဲ့ကြသည်။
ထိုဆန္ဒပြ၊သပိတ်မှောက်နေ့အတွင်း အဆင့်မြင့်ပညာဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်အချို့က ပါမောက္ခချုပ် များနှင့် ရွှေတိဂုံဘုရားအရှေ့ဘက်မု(ခ)ရှိ ကြေးသွန်းဘုရားဝန်းထဲတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း သပိတ်မှောက်ကျောင်းသားများအနေနှင့် တိကျသေချာသောဆွေးနွေးမှုမျိုးမဟုတ်ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီပညာရေးလှုပ်ရှားမှုအသင်းအနေနှင့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်နိုင်ရေးအတွက် တာဝန်ယူနိုင်သောပုဂ္ဂိုလ်များ၊ လွှတ်တော် အမတ်များနှင့် ဆက်လက်တွေ့ဆုံသွားဖို့ ရှိနေသည်ဟု ပြောဆိုသည်။
သပိတ်မှောက်ကျောင်းသားများသည် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ရွှေတိဂုံစေတီတော်ကို လက်ယာရစ်လှည့်လည်ခဲ့ကြပြီး ၁၉၂၀ ယူနီဗာစတီ အက်ဥပဒေ ကို သပိတ်မှောက်ခဲ့ကြသည့် တက္ကသိုလ်ကျောင်းသားကြီးများကို ဂုဏ်ပြုထား သည့် သပိတ်မှောက်ကျောက်တိုင်အရှေ့တွင် အလေးပြုခဲ့ကြသည်။