မြန်မာနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုခြင်း ၃ရာခိုင်နှုန်းသာရှိ

  • 7 years ago
ရေအားလျှပ်စစ်ကဏ္ဍကိုပဲ အဓိကထားအသုံးပြုနေရသည့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် လျှပ်စစ်ဓာတ်အားဆုံးရှုံး မှုများဖြစ်ပေါ်ခြင်းနှင့် ရေအားပမာဏပေါ်မူတည်၍ အပြည့်အ၀အသုံးပြုဖို့ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် နေနှင့်လေတို့မှ စွမ်းအင်ထုတ်လုပ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို တိုးချဲ့ဖို့လိုအပ်လာသည်။ ကျေးလက်ဒေသနှင့် လျှပ်စစ်မီးမရရှိနိုင်သေးသည့် ဒေသများအတွက် နေရောင်ခြည်စွမ်းအင်ကို သူတို့၏ နေ့စဉ်လူမှုဘ၀နှင့် စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုအသုံးပြုဖို့ လိုအပ်လာသည်။

ဤအတွက် မတ်လ(၁၇)ရက်နေ့က အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား နေစွမ်းအင်သုံး လျှပ်စစ်အသုံးပြုမှု တွင်ကျယ်ရေးအတွက် ဆွေးနွေးခဲ့ကြသည်း။

ဖြည့်စွပ်ခြင်း---နေစွမ်းအင်ကဏ္ဍနှင့်ပတ်သတ်၍ ကျေးလက်ဒေသများတွင် ထိုကဏ္ဍက မည်မျှအထိအရေးပါနေသလဲဆိုသည်နှင့် ပတ်သတ်သော ရုပ်သံသတင်းဆောင်းပါးကိုလည်း မကြာမီတင်ဆက်ပေးသွားပါမည်။

Category

🗞
News

Recommended