ရွှေဘောလုံးဆုဟာ မက်ဆီနဲ့ပဲ ထိုက်တန်တယ်လို့ နေမာက ပြော

  • 7 years ago
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားကို ရွေးချယ်ချီးမြှင့်တဲ့ ရွှေဘောလုံးဆုဟာ ဘာစီလိုနာ ကစားဖော် မက်ဆီနဲ့ပဲ ထိုက်တန်တယ်လို့ ဘရာဇီးတိုက်စစ်မှူး နေမာက ပြောခဲ့ပါတယ်။ ရွှေဘောလုံးဆု အတွက် ဆန်ကာတင်သုံးဦးစာရင်းမှာ နေမာ၊ မက်ဆီ၊ ရော်နယ်ဒိုတို့ပါဝင်နေပြီး လက်ရှိခြေစွမ်း အရဒီဆုဟာ မက်ဆီနဲ့ပဲ ထိုက်တန်တယ်လို့ နေမာက ဆိုခဲ့တာပါ။