စာမရီငှက်လေးများ သို့မဟုတ် အမျိုးသမီးရပ်(ပ်)ပါများ

  • 7 years ago
YAK ဆိုတာက ဒဏ္ဍာရီလာ ရဲရင့်မြင့်မြတ်တဲ့ စာမရီငှက်။ နောက်တစ်ခုကတော့ အမွှေးရှည်တဲ့နွားရိုင်းတစ်မျိုး။
မြန်မာနိုင်ငံမှာတော့ YAK ဆိုတာက လွန်ခဲ့တဲ့ ၁၁ နှစ်လောက်ကတည်းက Hip Hop ဂီတတစ်မျိုးတည်းကိုပဲ နှစ်သက်စွဲလမ်းပြီး ဂီတလမ်းကို လျှောက်လာခဲ့ကြတဲ့ အမျိုးသမီး Rapper တွေပါ။ သူတို့ကတော့ YAK ဆိုတာ Yangon Always Kingdom လို့ဆိုတယ်။ သူတို့ရွတ်ဆိုနေကြတဲ့ ရပ်(ပ)စာသားတွေမှာ အမျိုးသမီးတွေ အနှိမ်ခံရတဲ့ကိစ္စတွေ ၊ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေရတဲ့အမျိုးသမီးထုရဲ့ နာကျင်မှုတွေ ၊ ခွဲခြားဆက်ဆံထားတာတွေကို မီးမောင်းထိုးပြထားတယ်။ ကိုယ်နှစ်သက်ရာလမ်းကို ဇွဲမလျှော့ပဲ ခက်ခက်ခဲခဲ ဆက်လျှောက်နေကြတဲ့ YAK တဖြစ်လဲ မိန်းမ Rap ရူးတွေဟာ ဘယ်လိုလဲ ကြည့်လိုက်ရအောင်။