မြန်မာ့ထိပ်တန်းကုမ္ပဏီ ၁၀၀ တွင် ကုမ္ပဏီ ၁၅ ခုလောက်သာ သတင်းအချက်အလက်ရယူနိုင်မှုကောင်း

  • 7 years ago
မန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန-MCRB အနေနဲ့ မြန်မာကုမ္ပဏီ ၁၀၀ မှာ ကုမ္ပဏီ ၁၅ ခုလောက်ကပဲ သတင်းအချက်အလက်ရယူတဲ့နေရာမှာ အဆင်ပြေတယ်လို့ MCRB ရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဗစ်ကီ ဘိုးမန်းက မဇ္ဈိမကို ပြောပါတယ်။ MCRB အနေနဲ့ အခုစက်တင်ဘာ ၁၆ ရက်နေ့က " ပွင့်သစ်စ စီမံကိန်း အစီရင်ခံစာ" ကို ၃ ကြိမ်မြောက် ထုတ်ပြန်ထားပြီး မြန်မာကုမ္ပဏီတွေအနေနဲ့ " တိုးတက်ပြောင်းလဲမှုကို အမှီလိုက်ရန် ကြိုးစားအားထုတ်ဖို့ လိုအပ်နေ သေး" တယ်ဆိုပြီး ဖော်ပြထားပါတယ်။
ညွှန်ကြားရေးမှူး ဗစ်ကီ ဘိုးမန်းကတော့ ကုမ္ပဏီ ၁၀၀ စစ်တမ်းအပေါ်မှာ ကုမ္ပဏီ ၆၆ ခုလောက်ကသာ အများပြည်သူသတင်းအချက်အလက်ရယူနိုင်ဖို့ Website တွေ ထားရှိပြီး ကျန်တဲ့ ၃၅ ခုက ကိုယ်ပိုင် Website တွေမရှိဘူးလို့ ပြောပါတယ်။ တစ်ခါ Website ရှိတယ် ဆိုတာတောင်မှ Marketing Website လောက်ပဲရှိသေးတာကို တွေ့ရှိရပြီး လူ့အခွင့်အရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ချက်၊ ဘဏ္ဍာရေးအခြေအနေစတာတွေကို ဖော်ပြတာမျိုး မရှိဘူးလို့ MCRB ရဲ့  ၃ ကြိမ်မြောက် " ပွင့်သစ်စ စီမံကိန်း အစီရင်ခံစာ" ထဲမှာ ဖော်ပြထားပါတယ်။ ကိုအောင်သူရက သတင်းပေးပို့ထားပါတယ်။

Category

🗞
News

Recommended