• 8 years ago
ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၂၁ ရာစုပင်လုံကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပဖို့ မနေ့ကကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPJDC အစည်းအဝေးမှာ လျာထားဆုံးဖြတ်ခဲ့ကြပါတယ်။ ဒုတိယအကြိမ်ပင်လုံညီလာခံမှာ နိုင်ငံရေးဆုံးဖြတ်ချက်တွေချမှတ်နိုင်တဲ့အဆင့်ထိ လုပ်ဆောင်သွားဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ညီလာခံမှာ နိုင်ငံရေးဆုံးဖြတ်ချက်တွေအမှန်တကယ်ချမှတ်နိုင်မလား နောက်ထပ်ပြုလုပ်သွားဖို့ရှိနေတဲ့ ၂၁ ရာစုပင်လုံမှာ ပြည်တွင်းငြိမ်းချမ်းရေးကို အပြည့်အ၀ပုံဖော်နိုင်မလား ဆိုတာနဲ့ ပတ်သတ်လို့ မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကို တွေ့ဆုံမေးမြန်းပေးသွားမှာဖြစ်ပါတယ်။

Category

🗞
News

Recommended