၂၀၁၆ ကမာၻ႔စားသံုးသူ အခြင့္အေရးေန႔ / ၂၀၁၆ ကမ္ဘာ့စားသုံးသူ အခွင့်အရေးနေ့

  • 7 years ago
ZawGyi -
စားသုံးသူေရးရာျပႆနာရပ္ေတြမွာ ဌာနဆိုင္ရာေတြအေနႏွင့္ ထိေရာက္စြာ အေရးယူမႈအပိုင္း အားနည္းေနေသး ဟု ျမန္မာႏိုင္ငံစားသုံးသူကာကြယ္ေရးအသင္း(ဗဟို)ဥကၠ႒ ဦးဗအုပ္ခိုင္က ေျပာသည္။
ယေန႔ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕၊ မဟာဗႏၶဳလပန္းၿခံေရွ႕တြင္ က်င္းပခဲ့သည့္ ကမာၻ႕စားသုံးသူအခြင့္အေရးမ်ားေန႔ အခမ္းအနားတြင္ ယင္းသို႔ေျပာၾကားခဲ႔ျခင္းျဖစ္သည္။
"အခု ငါးေျခာက္ေတြက ထိုင္းႏိုင္ငံမွာ လုံးဝသန္႔ရွင္းသြားၿပီ။ ပိုးသတ္ေဆးမပါေတာ့ဘူး။ ဆရာတို႔ႏိုင္ငံမွာ အဲဒီလို အေရးယူမႈေတြ လိုအပ္ေနတာ။ အခုအခ်ိန္ထိ ျမန္မာႏိုင္ငံမွာ ငပိဆိုလည္း ဆိုးေဆးေတြနဲ႔ ပိုးသတ္ေဆးေတြ ပါေနတုန္းပဲ။ ဒါေတြက ျပတ္ျပတ္သားသားအေရးယူဖို႔ေတာ့ လိုအပ္ေနၿပီ။ ျမန္မာျပည္သူေတြ ေန႔စဥ္စားေသာက္ ေနၾကရတာ။ မုန္႔ဟင္းခါးေတြ၊ ေခါက္ဆြဲေတြ၊ ပဲဖက္ေတြမွာ ေဖာ္မလင္သုံးတာမ်ဳိးေတြ ဒါေတြက လုပ္ငန္းလိုင္စင္ ပိတ္သိမ္းၿပီး ေထာင္ခ်အေရးယူပစ္ရမယ့္ ကိစၥေတြေလ။ ဌာနဆိုင္ရာေတြဘက္ကလည္း ထိထိေရာက္ေရာက္ အေရးယူေပးရမွာ" ဟု ျမန္မာႏိုင္ငံ စားသုံးသူကာကြယ္ေရးအသင္း(ဗဟို) ဥကၠ႒ ဦးဗအုပ္ခိုင္က ေျပာသည္။
ရိုက္ကူး၊တည္းျဖတ္- ေဒါင္းလူ
အျပည့္အစံု-http://www.mizzimaburmese.com/article/24735

Unicode -
စားသုံးသူရေးရာပြဿနာရပ်တွေမှာ ဌာနဆိုင်ရာတွေအနေနှင့် ထိရောက်စွာ အရေးယူမှုအပိုင်း အားနည်းနေသေး ဟု မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။
ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
"အခု ငါးခြောက်တွေက ထိုင်းနိုင်ငံမှာ လုံးဝသန့်ရှင်းသွားပြီ။ ပိုးသတ်ဆေးမပါတော့ဘူး။ ဆရာတို့နိုင်ငံမှာ အဲဒီလို အရေးယူမှုတွေ လိုအပ်နေတာ။ အခုအချိန်ထိ မြန်မာနိုင်ငံမှာ ငပိဆိုလည်း ဆိုးဆေးတွေနဲ့ ပိုးသတ်ဆေးတွေ ပါနေတုန်းပဲ။ ဒါတွေက ပြတ်ပြတ်သားသားအရေးယူဖို့တော့ လိုအပ်နေပြီ။ မြန်မာပြည်သူတွေ နေ့စဉ်စားသောက် နေကြရတာ။ မုန့်ဟင်းခါးတွေ၊ ခေါက်ဆွဲတွေ၊ ပဲဖက်တွေမှာ ဖော်မလင်သုံးတာမျိုးတွေ ဒါတွေက လုပ်ငန်းလိုင်စင် ပိတ်သိမ်းပြီး ထောင်ချအရေးယူပစ်ရမယ့် ကိစ္စတွေလေ။ ဌာနဆိုင်ရာတွေဘက်ကလည်း ထိထိရောက်ရောက် အရေးယူပေးရမှာ" ဟု မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။
ရိုက်ကူး၊တည်းဖြတ်- ဒေါင်းလူ
အပြည့်အစုံ-http://www.mizzimaburmese.com/article/24735