ရန္ကုန္-ဒလ ကူးတို႔ဆိပ္ကို အဆင့္ျမႇင့္တင္သြားမည္

  • 7 years ago
ZawGyi-
ရန္ကုန္-ဒလ ကူးတို႔ဆိပ္ျဖစ္သည့္ နန္းသီတာ ဆိပ္ကမ္းကို ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္တြင္ အဆင့္ျမႇင့္တင္သြားမည္ျဖစ္ေၾကာင္း စက္မႈလက္မႈႏွင့္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ဧၿပီလ ၂၈ ရက္တြင္ ေျပာသည္။

ယေန႔ ဧၿပီလ ၂၈ ရက္တြင္ ျပဳလုပ္ေသာ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေ၀းတြင္ ေျပာခဲ့ျခင္းျဖစ္သည္။

ဆိပ္ကမ္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစံေက်ာ္ (ၾကံ႕ခိုင္ဖြံ႕ၿဖိဳးေရးပါတီ) ၏ ရန္ကုန္-ဒလ ကူးတို႔ဆိပ္ကို အဆင့္ျမႇင့္တင္ရန္ အစီအစဥ္ ရွိမရွိ ေမးျမန္းခ်က္အေပၚ ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ အဆင့္ျမႇင့္ရာတြင္ ဆိပ္ခံတံတားမ်ား ခိုင္ခံ့မႈ ရွိေစေရး၊ သန္႔စင္ခန္းမ်ားႏွင့္ ဆိပ္ကမ္း အတြင္း အျပင္ ျပင္ဆင္မႈမ်ား ပါဝင္မည္ ျဖစ္သည္ဟု သိရသည္။

အဆိုပါ ဆိပ္ကမ္းကို အဆင့္ျမႇင့္တင္ရန္ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္တြင္ အေသးစိတ္ ေရးဆြဲသြားမည္ ျဖစ္ၿပီး ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္တြင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ ျဖစ္သည္။

Unicode-
ရန်ကုန်-ဒလ ကူးတို့ဆိပ်ဖြစ်သည့် နန်းသီတာ ဆိပ်ကမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဧပြီလ ၂၈ ရက်တွင် ပြောသည်။

ယနေ့ ဧပြီလ ၂၈ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောခဲ့ခြင်းဖြစ်သည်။

ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော် (ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ) ၏ ရန်ကုန်-ဒလ ကူးတို့ဆိပ်ကို အဆင့်မြှင့်တင်ရန် အစီအစဉ် ရှိမရှိ မေးမြန်းချက်အပေါ် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အဆင့်မြှင့်ရာတွင် ဆိပ်ခံတံတားများ ခိုင်ခံ့မှု ရှိစေရေး၊ သန့်စင်ခန်းများနှင့် ဆိပ်ကမ်း အတွင်း အပြင် ပြင်ဆင်မှုများ ပါဝင်မည် ဖြစ်သည်ဟု သိရသည်။

အဆိုပါ ဆိပ်ကမ်းကို အဆင့်မြှင့်တင်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အသေးစိတ် ရေးဆွဲသွားမည် ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

Recommended