သတင္းမီဒီယာလြတ္လပ္ခြင့္ NLD အစိုးရလက္ထက္မွာ တိုးတက္လာျခင္း မရိွေသး

  • 7 years ago
ZawGyi-
ျမန္မာႏိုင္ငံ၏ လြတ္လပ္စြာ ေရးသားထုတ္ေဖာ္ေျပာဆိုခြင့္ အေျခအေနသည္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အစိုးရ လက္ထက္မွာ တိုးတက္လာမႈ အားနည္းေနေသးသည္ဟု ပဲန္ျမန္မာ(Pen Myanmar) ႏွင့္ မိတ္ဖက္အဖြဲ႔အစည္း ၁၄ ဖြဲ႔ က ထုတ္ျပန္ေၾကညာလိုက္သည္။

ျမန္မာႏိုင္ငံ၏ လြတ္လပ္စြာ ေရးသားထုတ္ေဖာ္ေျပာဆုိခြင့္ အေျခအေန အကဲျဖတ္ျခင္း အစီရင္ခံစာကို ေမ ၂ ရက္ေန႔က ထုတ္ျပန္ခဲ့ၿပီးေနာက္ ပဲန္ျမန္မာ(Pen Myanmar) အဖြဲ႔ ဥကၠ႒ ဦးမ်ဳိးျမင့္ၿငိမ္းက အစိုးရသစ္လက္ထက္မွာ မီဒီယာလြတ္လပ္ခြင့္သည္ ထင္သေလာက္တိုးတက္မႈမရိွေသးဟု ထုတ္ေဖာ္ေျပာဆုိခဲ့သည္။

"အမွတ္ ၆၀ ေပးတဲ့အခါမွာ ၈မွတ္ပဲ ေပးလို႔ရတယ္ ဆိုေတာ့ ျမန္မာႏိုင္ငံရဲ႕ လြတ္လပ္စြာ ေရးသားထုတ္ေဖာ္ေျပာဆိုခြင့္ဟာ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အစိုးရလက္ထက္မွာ ထူးထူးျခားျခား ေျပာင္းလဲမႈမရိွဘူးဆိုတာကို ထုတ္ျပန္ေၾကညာတာ ျဖစ္ပါတယ္" ဟု ဦးမ်ဳိးျမင့္ၿငိမ္းက ဆိုသည္။

ျမန္မာႏိုင္ငံ၏ လြတ္လပ္စြာ ေရးသားထုတ္ေဖာ္ေျပာဆိုခြင့္ အေျခအေနကို သတင္းမီဒီယာအမွီအခိုကင္းမႈႏွင့္ လြတ္လပ္မႈ၊ သတင္းအခ်က္အလက္ ရယူပိုင္ခြင့္ ၊ လြတ္လပ္စြာ စုေ၀းခြင့္ ၊ ေျပာဆိုခြင့္ႏွင့္ ထင္ျမင္ယူဆခြင့္ စသည့္အညႊန္းကိန္း ၆ခုျဖင့္ သတ္မွတ္ခဲ့ကာ စုစုေပါင္း ရမွတ္ ၆၀ ေပးအပ္ခဲ့ၿပီး ၈ မွတ္ ရရိွခဲ့ျခင္းျဖစ္သည္။

လက္ရိွအစိုးရလက္ထက္တြင္လည္း ႏိုင္ငံပိုင္သတင္းမီဒီယာမ်ား က်န္ရိွေနျခင္း၊ လြတ္လပ္စြာ ေျပာဆိုခြင့္ကို ထိခိုက္ႏိုင္သည့္ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆ ဃ ကို မျပင္ဆင္ႏိုင္ေသးျခင္းမ်ား က်န္ရိွေနကာ သတင္းအခ်က္အလက္ ရယူပိုင္ခြင့္ အားနည္းလ်က္ ရိွေနေသးသည္ဟု အဆိုပါ အစီရင္ခံစာထဲတြင္ ေဖာ္ျပထားသည္။

Unicode-
မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်မှာ တိုးတက်လာမှု အားနည်းနေသေးသည်ဟု ပဲန်မြန်မာ(Pen Myanmar) နှင့် မိတ်ဖက်အဖွဲ့အစည်း ၁၄ ဖွဲ့ က ထုတ်ပြန်ကြေညာလိုက်သည်။

မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်ခြင်း အစီရင်ခံစာကို မေ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် ပဲန်မြန်မာ(Pen Myanmar) အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်ငြိမ်းက အစိုးရသစ်လက်ထက်မှာ မီဒီယာလွတ်လပ်ခွင့်သည် ထင်သလောက်တိုးတက်မှုမရှိသေးဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

"အမှတ် ၆၀ ပေးတဲ့အခါမှာ ၈မှတ်ပဲ ပေးလို့ရတယ် ဆိုတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ထူးထူးခြားခြား ပြောင်းလဲမှုမရှိဘူးဆိုတာကို ထုတ်ပြန်ကြေညာတာ ဖြစ်ပါတယ်" ဟု ဦးမျိုးမြင့်ငြိမ်းက ဆိုသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို သတင်းမီဒီယာအမှီအခိုကင်းမှုနှင့် လွတ်လပ်မှု၊ သတင်းအချက်အလက် ရယူပိုင်ခွင့် ၊ လွတ်လပ်စွာ စုဝေးခွင့် ၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့် စသည့်အညွှန်းကိန်း ၆ခုဖြင့် သတ်မှတ်ခဲ့ကာ စုစုပေါင်း ရမှတ် ၆၀ ပေးအပ်ခဲ့ပြီး ၈ မှတ် ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင်လည်း နိုင်ငံပိုင်သတင်းမီဒီယာများ ကျန်ရှိနေခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိခိုက်နိုင်သည့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ကို မပြင်ဆင်နိုင်သေးခြင်းများ ကျန်ရှိနေကာ သတင်းအချက်အလက် ရယူပိုင်ခွင့် အားနည်းလျက် ရှိနေသေးသည်ဟု အဆိုပါ အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

Recommended