အချုပ်အခြာ အာဏာကို တကယ်ကိုင်ထားတာက တပ်ပဲရှိနေသေးတယ် (ရုပ်/သံ)

  • 7 years ago
ဒီအကူးအပြောင်း သွားနေတဲ့ ကာလမှာ ပြည်တွင်းရဲ့ အချုပ်အခြာ အာဏာကို တကယ့် တကယ်ကိုင်ထားတာက တပ်ပဲ ရှိနေသေးတယ်။ ဆိုတော့ ဒါတွေကတော့ ၅ နှစ်တာ သက်တမ်းမှာ NLD အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အနေနဲ့ တကယ့်ကြီးမားတဲ့ စိန်ခေါ်မှုပဲလို့ ကျနော်ထင်တယ်။ အဲလိုပြောလို့လဲ တဘက်ကို ပိုပြီးတော့ အာရုံစိုက်လာမယ်။ ပိုပြီးတော့ ထောက်ခံလာမယ်လို့ ကျနော်ပြောတာမဟုတ်ဘူး။ တဘက်က ဘောင်းဘီချွတ်တွေရဲ့ ပါတီကို ကျနော်ပြောတာမဟုတ်ဘူး။ ချောက်ထဲ ကျသွားမှာကို လက်တလုံးအလိုမှာ ကယ်တင်လိုက်တယ်ဆိုတဲ့ သူတွေကိုလည်း လူထုက တော်တော်ကြောက်သွားပြီ။