DVB Debate clip: 'We need to tackle the corruption' (Burmese)

  • 8 years ago
ယခုတပတ် ဒီဗွီဘီရဲ့ ဆွေးနွေးပွဲ အစီအစဉ်မှာ အသစ်ထုတ်ပြန်လိုက်တဲ့ သစ်အကြမ်းထည်အလုံးလိုက်တင်ပို့မှုကို တားမြစ်ပိတ်ပင်မှုဟာ အလုပ်ဖြစ်နိုင်မလား ဆိုတာနဲ့ ပတ်သတ်ပြီး ဆွေးနွေးငြင်းခုန်ခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစလို့ သစ်အကြမ်းထည်အလုံးလိုက်တင်ပို့မှုတွေကို ရပ်ဆိုင်းမယ့် ညွှန်ကြားချက်အသစ်ဟာ အသက်ဝင်လာတော့မှာဖြစ်တယ်။ သို့သော်လည်းပဲ ဒီပိတ်ပင်တားမြစ်မှုဟာ တိုင်းပြည်ထဲမှာ သစ်ထုတ်လုပ်နေမှုတွေကို ရပ်တန့်သွားအောင် အသေအချာလုပ်ဆောင်နိုင်မှာမဟုတ်သလို တခြား တန်ဖိုးမြှင့်ပစ္စည်းတွေဖြစ်တဲ့ ကျွန်းသစ်နှင့်ပြုလုပ်ထားတဲ့ပရိဘောဂတွေနဲ့ သစ်ခွဲသားများ ကဲ့သို့သော တစိတ်တပိုင်းအချောထည်အဖြစ် ကိုင်တွယ်ထုတ်လုပ်ပြီးဖြစ်တဲ့ သစ်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းများကို ရပ်တန့်စေနိုင်မှာမဟုတ်ပါဘူး။